ကျိုင်းတုံ နိုဝင်ဘာ-၂၃
ကျိုင်းတုံတက္ကသိုလ်ဝန်းအတွင်း ပင်မခန်းမဆောင်ရှေ့ အဝင်/အထွက်လမ်းများ၏ လမ်းဘေးဝဲ/ ယာတစ်လျှောက်တွင် အပတ်စဉ်စနေနေ့တိုင်း ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေးပွဲကို နိုဝင်ဘာလ( ၂၃ ) ရက် နံနက်(၇) နာရီခွဲတွင် တပ်ရင်း/ တပ်ဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့်ဖြင့် မြက်ရိုင်းများရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့