နောင်တရား နိုဝင်ဘာလ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု ဆည်ခေါင်းအခြေခံပညာအလယ်တန်းကျောင်းနှင့် နန်းပုလင်း ကျေးရွာအုပ်စု နန်းပုလင်းအခြေခံပညာအလယ်တန်းကျောင်းများ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲဆောင်ရွက်ခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင်ကျင်းပပြုလုပ်သည်။
ဆည်ခေါင်းအခြေခံပညာအလယ်တန်းကျောင်းတွင် အမျိုးသားနေ့သမိုင်းကြောင်းနှင့် မျိုးချစ်စိတ်ဓါတ်အကြောင်းကို ဟောပြောသည်။ နန်းပုလင်းအခြေခံပညာအလယ်တန်းကျောင်း တွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓါတ်ပုံကျွမ်းကျင်-၂ ဦးခွန်အောင်ဟန်က အမျိုးသားနေ့မှ လွတ်လပ်ရေးဆီသို့ခေါင်းစဉ်ဖြစ် အသိပညာပေးဟောပြောသည်။ ထို့နောက် အမျိုးသားနေ့ သမိုင်းအကြောင်းကို ဗီဒီယိုဖြစ် တင်ပြခြင်းနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓါတ်ပုံများပြသခြင်း စသည့် အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွာခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့