ကျိုင်းတုံ နိုဝင်ဘာ-၁၉
ကျိုင်းတုံမြို့၊ အမှတ်( ၂ ) အခြေခံ ပညာအထက်တန်းကျောင်းတွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ” ဖွင့်ပွဲအခမ်းအနားကို နိုတင်ဘာလ( ၁၉ ) ရက် နံနက်( ၉ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးသည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ပညာရေးမှူး ရုံးများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံခရိုင်/ မြို့နယ်ဥပဒေရုံးများမှ တာဝန်ရှိသူများ နှင့် သင်တန်းနည်းပြများ၊ သင်တန်းတက်ရောက်မည့် အခြေခံပညာကျောင်းများမှ အထက်တန်းပြ ဆရာ/ ဆရာမ ( ၆၄ ) ဦးတို့နှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျိုင်းတုံခရိုင် ဥပဒေအရာရှိမှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့