မိုင်းရှူး နိုဝင်ဘာ-၁၆
မိုင်းရှူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မိုင်းရှူးခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မူထမ်းဆင့်ခေါ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄)ကို နိုဝင်ဘာလ(၁၆) ရက် နံနက် (၉)နာရီခွဲတွင် ကျင်းပခဲ့ရာ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် ခရိုင်ဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ စုစုပေါင်း(၄၀)ဦးတက်ရောက်ခဲ့ပြီး ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်မောင်လွင်မှ ပြည်သူ့စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ သင်တန်းအပါတ်စဉ်အလိုက် သတ်မှတ်ဦးရေအပြည့်အဝပေးပို့နိုင်ရေး၊ ပြည်သူစစ်မှုထမ်းဥပဒေ/ နည်းဥပဒေနှင့်အညီဆောင်ရွက်ရေး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ညွန်ကြားချက်များအပေါ်အလေးထားလိုက်နာဆောင်ရွက်ရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဒေသခံပြည်သူများအားနားလည်သဘောပေါက်အောင် မြိုနယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ချပြရှင်းလင်းအသိပေးပြောကြားရေး၊ သင်တန်းအမှတ်စဉ်( ၇/၂၀၂၄)အတွက်သတ်မှတ်ဦးရေအား ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲထံ အချိန်မီပေးပို့တင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေးရာ (၁၂၀၀)နာရီပြီးစီးခဲ့ပါကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့