ကျိုင်းတုံ နိုဝင်ဘာ-၁၆
ကျိုင်းတုံမြို့၊ ပြည်သူ့ဆေးရုံကြီး လက်ဝဲဘက် လမ်းတစ်လျှောက်တွင် အပတ်စဉ်စနေနေ့တိုင်း ကျင်းပပြုလုပ်ရာ နိုဝင်ဘာလ( ၁၆ ) ရက် နံနက် (၇) နာရီခွဲတွင် ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေးပွဲကို တပ်ရင်း/ တပ်ဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၃၅၀) ဦးခန့်ဖြင့် မြက်ရိုင်းများရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးအားပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့