မိုင်းဆတ် နိုဝင်ဘာ-၉
မိုင်းဆတ်ခရိုင်၏ မိုင်းဆတ်မြို့နယ်၊ဟိုနားကျေးရွာရှိ ဓာတ်ဟိုမိန်းစေတီအတွင်း/အပြင် သန့်ရှင်းသာယာရေးအတွက် နိုဝင်ဘာလ(၉)ရက်နေ့ နံနက်(၇) နာရီတွင် ပြည်သူလူထုစုပေါင်း သန့်ရှင်းရေးပြုလုပ်ရာ၊ စကခ (၁၄) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ဇင်မင်းထွန်းနှင့်တပ်မတော်အရာရှိ စစ်သည်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးညီညီထွေး ဦးဆောင်သည့် ခရိုင် / မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ စုစုပေါင်း အင်အား ( ၁၇၀ )ဦး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ သန့်ရှင်းရေးအား မိုင်းဆတ်မြို့၊ ဟိုနားကျေးရွာရှိ ဓာတ်ဟိုမိန်းစေတီတော် ဝန်းကျင် အတွင်းနှင့် အပြင်ဘေးဘက် အရှေ့ဘက် အဝင်းလမ်း ဘေးဝန်းကျင် ဝဲယာတို့တွင် မြက်ဖြတ်စက်များဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်များခုတ်ထွင်ခြင်းများပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့