ကျိုင်းတုံ နိုဝင်ဘာ-၇
ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်တွင် (၂၉)ကြိမ်မြောက် သီလဓမ္မကုန်းသာတောရကျောင်းတိုက် (ဝစီပိတ်)ကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ( ၇ ) ရက် နေ့လည် (၂) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် ဆရာတော်ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ဆရာတော်ထံ ဆောင်ရွက်မည့်အစီအမံများအား တင်ပြလျှောက်ထားခဲ့ကြရာ ဆရာတော်ထံမှ မိန့်ကြားမှုများခံယူခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့