ကျိုင်းတုံ နိုဝင်ဘာ-၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ (၅)ရက် နံနက် (၈)နာရီက ကျိုင်းတုံမြို့၊ ကျိုင်းယင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရအား ဖူးမြော်ကြည်ညိုပြီး ကျိုင်းယင်း ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်ဆောက်လုပ်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အလှူငွေကျပ်သိန်း(၃၀၀)လှူဒါန်းဆက်ကပ်ပေးကြပြီး ဆွမ်းစားဆောင်ဆောက်လုပ်မည့်နေရာအား သွားရောက်ကြည့်ရှုကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံဟော်နန်းသို့သွားရောက်၍ ကျိုင်းတုံဟော်နန်းဆိုင်းဘုတ်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဟော်နန်းအတွင်းရှိ ပလ္လင်တော် ဆောင်ရွက်နေမှုများကို ကြည့်ရှူစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျိုင်းတုံမြို့ အထင်ကရနောက်တုံကန်အတွင်း ရေမှော်ဒိုက်များ ရှင်းလင်းဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ကျိုင်းတုံရုံးခွဲတွင် ဗဟိုသင်တန်းကျောင်း အဆောက်အဦတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအဝင်လမ်းကွန်ကရစ်လမ်းဆောင်ရွက်နိုင်ရန်မှာကြားခဲ့သည်။
အဆိုပါ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကျိုင်းတုံရုံးခွဲဗဟိုသင်တန်းကျောင်း အဆောက်အဦသည် ဒီဇင်ဘာဒုတိယအပတ်တွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် (၂၀၂၄)ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်(၄)မြို့နယ် စဥ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲကို ကျိုင်းတုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နည်းပြ၊ ကြီးကြပ်နှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကွပ်ကဲမှု အောက်ရှိ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက အနီးကပ်စီမံခန့်ခွဲမှုတို့ဖြင့် ဦးတည်အုပ်စုနှင့်ကိုက်ညီသည့် စာသင်သားပြည်သူများကို စာသင်ဝိုင်းများအဖြစ်စုဖွဲ့၍ (၁) ရက်ပျှမ်းမျှ (၃) နာရီနှုန်းဖြင့် နာရီအားဖြင့် (၂၇၀)နာရီ၊ ရက်အားဖြင့် (၉၀) ရက်၊ လအားဖြင့် (၃) လကြာ ကာလများအတွင်း စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းနှင့် လူ့သဘာဝသာယာရေးတို့အတွက် အသိပညာပေးခြင်း စသည့်အစီအစဥ် (၃) ခုပါဝင်သော စဥ်ဆက်ပညာရေးလုပ်ငန်းကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ စဥ်ဆက်ပညာရေး များကို သင်ကြားနိုင်ရန်ကျိုင်းတုံမြို့နယ်အတွင်း စာသင်သားပေါင်း (၄၈၂) ဦးကို စာသင်ဝိုင်းပေါင်း (၄၃) ဝိုင်းစုဖွဲ့၍ (၁) ဝိုင်းလျှင်ပျမ်းမျှစာသင်သား (၁၀) ဦးနှုန်းဖြင့် စေတနာလုပ်အားပေးနည်းပြ/ ကြီးကြပ်ပေါင်း (၉၃)ဦးတို့က သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အလားတူမိုင်းခတ်မြို့၌ စာသင်သားပေါင်း(၂၃၃)ဦးကို စာသင်ဝိုင်းပေါင်း (၂၀)စုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြ/ ကြီးကြပ်ပေါင်း(၄၂)ဦးတို့ကလည်းကောင်း၊ မိုင်းယောင်းမြို့နယ်တွင် စာသင်သားပေါင်း (၆၃၁)ဦးကို စာသင်ဝိုင်း (၄၃)ဝိုင်းနှင့် နည်းပြ/ကြီးကြပ်ပေါင်း (၉၉)ဦးကလည်းကောင်း၊ မိုင်းဖြတ်မြို့တွင် စာသင်သားပေါင်း (၂၅၁)ဦးကို စာသင်ဝိုင်းပေါင်း (၂၀)စုဖွဲ့၍ နည်းပြ/ကြီးကြပ်ပေါင်း (၄၄)ဦးတို့က မိမိတို့အတွက်(၃)လအတွင်း အခကြေးငွေတစ်စုံတစ်ရာမယူဘဲ စေတနာ၊ ဝါသနာနှင့်အနစ်နာစသည့် နာ (၃) နာအခြေခံ၍ မိမိတို့စရိတ်ဖြင့် သွားလာခကုန်ကျငွေအပါအဝင်အခကြေးမယူဘဲ ပရဟိတစိတ်သက်သက်ဖြင့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားအတွက် ဒေသနေတိုင်းရင်းသားပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးတို့အတွက် စဥ်ဆက်ပညာရေးအစီအစဥ် (၃)ရပ်ကို သင်ကြားပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်နိုင်ငံတော်အစိုးရက ဆောင်ရွက်သွားမည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်(၄)မြို့နယ်၏ စဥ်ဆက်ပညာရေးလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်စီမံမှုဖြင့် စာသင်ဝိုင်းများ၌ စဥ်ဆက်ပညာရေးလုပ်ငန်းအစီအစဥ် (၃) ရပ်သင်ကြားခြင်း အစီအစဥ်များကို နိုဝင်ဘာလ (၈) ရက်မှစ၍ (၁) ရက်လျှင်မျှမ်းမျှ (၃) နာရီနှုန်းဖြင့် စာသင်သားများနှင့် နည်းပြ/ကြီးကြပ်များကို အုပ်ချုပ်ရေးအဖွဲ့များကဦးဆောင်ပေါင်းစပ်ညှိနှိုင်း၍ သင်ကြားပေးသွား နိုင်ရေးကို အလေးထားဆောင်ရွက်သွားရန် ပြောကြားသည်။
ဆက်လက်၍ စဥ်ဆက်ပညာရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ် (၄) မြို့နယ် အတွက်(၁)မြို့နယ်လျှင် ငွေကျပ်(၁၀)သိန်းစီဖြင့် (၄) မြို့နယ်အတွက် စုစုပေါင်းငွေကျပ်သိန်း (၄၀) ရှမ်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ တာဝန်ရှိသူများမှလက်ခံရယူကြသည်။
၎င်းနောက် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဥ်ဆက် ပညာရေးလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး (၁) ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်သာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးသန့်ဇင်ထွန်း က ကျောင်းပြင်ပပညာရေးလုပ်ငန်းများနှင့် စဥ်ဆက်ပညာရေးလုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်း ရှင်းလင်းတင်ပြကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသစ်တည်ဆောက်ပြီးစီးသွားသည့် ကျိုင်းတုံဘွဲ့နှင်းသဘင်ခန်းမအပေါ်ထပ်အား လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့၊ မြို့ကျက်သရေဆောင် ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီးနှင့် စွမ်ခမ်းစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် အလှူတော်ငွေများ သွားရောက်ပေးအပ်လှူဒါန်းရာ ဆရာတော် ဦးတေဇနိယ(အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ဝန်ကြီးများက အလှူတော်ငွေများပေးအပ်ရာ ရပ်တော်မူဘုရားကြီးနှင့် စွမ်ခမ်းစေတီဂေါပကတာဝန်ရှိသူအသီးသီးမှ လက်ခံရယူကြပြီးလှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့