တောင်ကြီး သြဂုတ် ၃၁
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့တွင် မိုးရာသီကာလ ရေစီးရေလာ ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပရေး၊ ကျောင်းများတွင် စိန်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ၊ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေး၊ အပတ်စဥ် စနေနေ့များ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက အမှိုက်သရိုက်များ၊ ချုံနွယ်များ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး မြောင်းများ ဆယ်ယူရှင်းလင်းခြင်း တို့ကိုစုပေါင်းဆောင်ရွက်ကြရာ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းဝန်းအတွင်း လေကောင်းလေသန့် ရရှိရေး၊ မိုးရာသီကာလ သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းသားကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်စွာ ပညာသင်ကြားနိုင်ရေး ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းရှိ ရှူခင်းသာပန်းခြံအတက် အကွေ့လမ်းဆောင်ရွက်ထားရှိမှုနှင့် ပန်းခြံဘေးရှိ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းဖြောင့်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် က လုပ်ငန်းများအားအချိန်မီပြီးစီးရေး၊ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ပြည့်မီ ကောင်းမွန်ရေးဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊မြို့နယ်များတွင် မြို့တွင်း ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပရေး၊ ကျောင်းများတွင် စိန်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ၊ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင် ကြားနိုင်ရေး၊ အပတ်စဥ်စနေနေ့များ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့