တောင်ကြီး သြဂုတ်-၂၈
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၆/၂၀၂၄)ကြိမ်မြောက်အစည်းအဝေးကိုသြဂုတ်(၂၈)ရက်နံနက်(၈)နာရီခွဲကတောင်ကြီးမြို့၊ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင်ရှမ်းပြည်နယ်ရင်းနှီးမြှပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည်ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အပံ့ဖြစ်စေပြီးဒေသခံများအတွက်လည်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေမှာဖြစ်ကြောင်း၊ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလွယ်ကူချောမွေ့စေရေးဆောင်ရွက်ပေးရန်အတွက်လည်းကော်မတီဝင်များသာမကဆက်စပ်ဦးစီးဌာန၊လုပ်ငန်းများအားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ဆက်လက်၍ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှူကော်မတီအတွင်းရေးမှူး၊ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးလေးနိုင်က Aramaw (NyaungShwe) Co.,Ltd၏ ဒုတိယအကြိမ် တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာမှုနှင့် San Yang Paper MillIntemational Co.,Ltd၏လုပ်ငန်းယာယီရပ်နားခွင့်ပြုပါရန်တင်ပြလားခြင်းအပေါ်ရှင်းလင်းတင်ပြသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များမှဆွေးနွေး၍အထွေထွေဆွေးနွေးကြရာရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးပြည်နယ်ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးလေးနိုင်ကရှမ်းပြည်နယ်အတွင်းရှိကိုဗစ်-၁၉ရန်ပုံငွေမှအတိုးပေးသွင်းရန်ကျန်ရှိသူများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြုပြီးရှမ်းပြည်ရင်းနှီးမြှုပ်နှံ မှုကော်မတီဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကလိုအပ်သည်များဖြည့်စွက်ဆွေးနွေးပြီးနိဂုံးချုပ်စကားပြောကြားကြောင်းသိရသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၇)ခုရင်းနှီးမြှုပ်နှံပမာဏအမေရိကန်ဒေါ်လာ(၁၆.၁၆၃)သန်းနှင့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၅)ခုရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ(၇.၅၉၂)သန်းအပါအဝင်ကျပ်သန်း(၄၆၂၁၆.၃၀၁)ကိုခွင့်ပြုပေးထားခဲ့ပြီးရှမ်းပြည်နယ်အတွင်းအလုပ်အကိုင်အခွင့်အလမ်းအနေဖြင့်ပြည်တွင်း(၁၄၈၄)ဦးနှင့်ပြည်ပ(၆၈)ဦးကိုဖန်တီးပေးနိုင်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့