ကျိုင်းတုံ ဩဂုတ်-၂၆
ကျိုင်းတုံမြို့၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံတော်မတည်ငွေ ကျပ်သိန်း(၁၅၀)ဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်မြေနေရာ ပန္နတင်အခမ်းအနားကို ဩဂုတ်လ( ၂၆) ရက်နေ့၊ နံနက်( ၁၀ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ အဖွဲ့ဝင်( ၂ )ဖြစ်သူ ဦးမင်းညိုလိုက်ပါ၍ သက်ဆိုင်ရာဌာနများမှ အကြီးအကဲ များ၊ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်မှူးမှ စာကြည့်တိုက်ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဝမ်မိုင် ကျေးရွာဒေသခံများကိုယ်စား ဝမ်မိုင်ကျေးရွာဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့