မိုင်းဆတ် ဩဂုတ်-၂၄
မိုင်းဆတ်ခရိုင်၏ မိုင်းဆတ်မြို့.ဝိန်းဝိုင်ရပ်ကွက်ရှိ ဓာတ်စွမ်းဟုန်ဘုန်းတော် ကြီးကျောင်းဝန်းကျင် အတွင်း အပြင်တို့တွင်ပြည်သူလူထုစုပေါင်း သန့်ရှင်းရေးကို ဩဂုတ်လ(၂၄)ရက် နံနက်(၇) နာရီတွင် ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး ဦးဆောင်သည့် ခရိုင် / မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များပါဝင် ပြီးစုစုပေါင်း အင်အား (၁၅၂)ဦးစုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးအား ဓာတ်စွမ်း ဟုန်ဘုန်းတော်ကြီးကျောင်းဝန်းကျင် အတွင်းနှင့် အပြင်ဘက် အရှေ့ဘက် အဝင်းလမ်း ဘေးဝန်းကျင် ဝဲယာ တို့ တွင် ဖြတ်စက်များဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်များခုတ်ထွင်ခြင်း၊ရေမြောင်းများ ရှင်းလင်းခြင်းပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့