မိုင်းဆတ် ဩဂုတ်-၂၃
မိုင်းဆတ် ခရိုင်စီမံ အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးညီညီ ထွေးနှင့် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိ သူများမှ ဩဂုတ်လ( ၂၂) ရက်နေ့ နံနက်(၅) နာရီ ဝန်းကျင်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းဆတ်မြို့နယ်၊ ဝိန်းနေရပ်ကွက်မှ တန့်ဆိုင်ကျေးရွာအုပ်စု၊ မယ်ကော်(၁)ကျေးရွာသွားမြေ သားလမ်း ၏ (ဝ/၁) မိုင်နှင့်(၀/၂)မိုင် ကြားဆက်သွယ်ဖောက်လုပ်ထားသောမြေသားလမ်းသည် ရေတိုက်စားခံရပြီး ပေ(၃၀)ခန့် မျောပါပျက်စီးမှုဖြစ်ပွားခဲ့သည့်နေရာသို့ ဩဂုတ်လ( ၂၃) ရက် နံနက်(၉)နာရီခွဲတွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးရန်ပုံငွေမှတင်ပြတောင်းခံသွားရန် သက်ဆိုင်ရာ ဌာနသို့ ညွှန်ကြားခဲ့ပြီးရရှိပါက ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကွင်းဆင်း ကြည့်ရူ့ ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့