မိုင်းဆတ် ဩဂုတ်-၂၃
မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မယ်နင်ကျေးရွာအုပ်စု၊မယ်နင်ကျေးရွာ၊ စာကြည့်တိုက် အသစ်ဆောက်လုပ်မည့်နေရာတွင်ပန္နက်တင် အခမ်းအနားသို့ ဩဂုတ်လ(၂၃)ရက် နံနက်(၉)နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်မျိုးမျိုးသွယ်၊ ကျေးရွာများရှိ စာကြည့်တိုက်ကော်မတီဥက္ကဌနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ပါသည်။
အဆိုပါစာ ကြည့်တိုက် ဆောက်လုပ်မည့် နေရာသည် ကျေးရွာရွာမြေဖြစ်ပြီး စာကြည့်တိုက်များ ဆောက်လုပ်ရန် သတ်မှတ်ချက်ဖြစ်သော ပြည်ထဲရေးအမည်ပေါက် ကျေးရွာအုပ်စုဖြစ်ခြင်း၊ အလယ်တန်းကျောင်းရှိခြင်း၊စာကြည့်တိုက်မရှိသည့်ကျေးရွာဖြစ်ခြင်းတို့ကြောင့် စာကြည့်တိုက် ဆောက်လုပ်ရန် ရွေးချယ်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်သန်း(၁၅)သန်းဖြင့် စာကြည့်တိုက် အသစ် တည်ဆောက်မည်ဖြစ်ပါသဖြင့် ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့