မိုင်းဆတ် ဩဂုတ်-၂၂
မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ်လ(၂၂)ရက် နေ့လည်(၁၁) နာရီတွင် ခရိုင်/မြို့နယ် စာကြည့်တိုက် များဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အစည်းအဝေးပြုလုပ်ရာ ခရိုင်စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ (ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ) ဦးညီညီထွေး နှင့်အဖွဲ့ ဝင်များ မြို့နယ် ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များ တက်ရောက် ခဲ့ကြပါ ပြီး စာကြည့်တိုက် များဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများ စနစ်တကျ ထားရှိရေး၊ စာအုပ် စာစောင်များ ဝယ်ယူဖြည့် စည်းမှု၊ ပြည်သူလူထု/အလှူရှင်များ လှူဒါန်းထား သည့်စာအုပ်စာစောင်များစနစ်တကျမှတ်တမ်း ထားရှိရေး၊ စာကြည့်တိုက် များသန့်ရှင်း သာယာရေး၊ ညွှန်ကြားချက်နှင့်ညီညွှတ်သောစာကြည့် တိုက်များ ပေါ်ထွန်းလာရေးတို့အားဆွေးနွေး ခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်း သော အလှူငွေ (၁၀)သိန်း ကျပ်နှင့် ကုမ္ပဏီများ လုပ်ငန်းရှင်များမြို့မိမြို့ဖများ မှလှူဒါန်း သော အလှူငွေ (၄၉၃၃၉၀၀) ကျပ်စုစုပေါင်း (၅၉၃၃၉၀၀) ကျပ် ( ငါးဆယ့်ကိုးသိန်းသုံးသောင်းသုံးထောင့်ကိုးရာ )ကျပ်တိတိအား ကျောင်းစာ ကြည့်တိုက်များ၊ရပ်ကွက်/ ကျေးရွာစာကြည့် တိုက်များတွင် စာအုပ် စာစောင်များ ဝယ်ယူ ရန်အတွက် မြို့နယ်စာကြည့်တိုက် များဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ နှင့် ပြန်ကြားရေး နှင့်ပြည့်သူဆက်ဆံ ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ပညာ ရေးမှူးတို့ထံအလှူငွေများပေးအပ် လှူဒါန်းခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့