ကျိုင်းတုံ ဩဂုတ်-၂၂
ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ခေမရဌ်ရိပ်သာ၊ အစည်းအဝေးခန်းမတွင် ဩဂုတ်လ( ၂၂ ) ရက်၊ နံနက်(၈) နာရီတွင် တာချီလိတ်မြို့နယ်ရှိ ပါလျှို – ကျိုင်းလပ် နယ်စပ် ကုန်သွယ်ရေးစခန်း အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အတူ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် မှ အဖွင့်အမှာစကားပြောကြားခြင်း၊ သက်ဆိုင်ရာဌာနများမှ အကြီးအကဲများ၊ တာဝန်ရှိသူများမှ လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေးတက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးတင်ပြခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့