မိုင်းဆတ် ဩဂုတ်-၁၈
မိုင်းဆတ်မြို့မယ်ဆွယ်မြောက်ရပ်ကွက်၊အောင်ဇေယျ ဘက်စုံအား ကစားကွင်း၊ မိုးလုံလေလုံ ခန်းမတွင် ဩဂုတ်လ(၁၈) ရက် နေ့လည်( ၁၁)နာရီခွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မိုင်းဆတ်ရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်း (၄၀၀) ဦး တက်ရောက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး ၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စများ ၊ လုံခြုံရေးဆိုင်ရာကိစ္စများ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စများ၊ ဆွေးနွေးမှာကြားခဲ့ပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးမှ ဒေသဆိုင်ရာအချက် အလက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်မှ မိုင်းဆတ်မြို့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်၊ စာစောင်များ ထောက်ပံ့ပေးအပ်၍ ဒေသဖွံ့ဖြိုးရေးအတွက် တက်ရောက်လာသည့် မြို့မိ မြို့ဖများမှ တင်ပြခြင်းအား သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရှိရသည်။
ထို့နောက်မိုင်းဆတ်မြို့ ဝိန်းနေရပ်ကွက် ဗုဒ္ဓကောလိပ်ခူးဝါး ဝုန်းစုမ်ဉာဏသံဝရောကျောင်းတိုက်သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ သွားရောက်၍ ဗုဒ္ဓကောလိပ်ခူးဝါး ဝုန်းစုမ်ဉာဏ သံဝရောကျောင်းတိုက်ပဓာန နာယက ဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပြီး မိုင်းဖုန်းဆရာတော်ကြီး ဦးစီးပဓာနပြု တည်ထားတော်မူသော စေတီတော်အားဖူးမျှော်ကြည်ညိုခဲ့ပြီး ပြည်နယ်အစိုးရ အလှူငွေကျပ်(၅ဝ) သိန်းလှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ မိုင်းဆတ်မြို့ ဟိုနားကျေးရွာသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊မိုင်းဆတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် ဌာနဆိုင်ရာ များ၊ သွားရောက်ခဲ့ပြီး ဟိုနားကျေး ရွာအုပ်စု နိုင်ငံ့ စီးပွားမြင့် တင်ရေးရန် ပုံငွေဖြင့် ချေးငွေရယူဆောင်ရွက်သည့် ဦးဒါရီလှ၏ အသားတိုးဝက်မွေးမြူရေး ခြံအား ကြည့်ရူ့ စစ်ဆေးခြင်း၊ ဟိုနားကျေး ရွာအုပ်စု တောင်သူဦးစိုင်းဝိုန်းမှ လယ်မြေ ၄ ဧကတွင်စိုက်ပျိုးထားသည့် မျိုးသန့် မျိုးပွား (စံပြ)စိုက်ခင်းအား ကြည့်ရူ ခဲ့ပါကြောင်း သိရှိရသည်။
၎င်းနောက်မိုင်းဆတ်မြို့ မြို့သစ်ရပ် ကွက်ပြည့် သူ့ဆေးရုံသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ သွားရောက်ခဲ့ပြီး ပြည့်သူဆေးရုံသွားရောက်ခဲ့ပြီးတာဝန်ခံ ဆေးရုံ ဆရာဝန်ကြီး မှ ဆေးရုံတွင် ဆေးဝါးကုသမှု အခြေအနေများအား ရှင်းလင်း တင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်မှဆေးရုံတက် ဆေးကုသ မူခံယူ နေသော ပြည်သူ (၂၇)ဦးများထံ အစားအသောက်နှင့်ဆေးဝါးများ ထောက်ပံပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့