မိုင်းဆတ် ဩဂုတ်-၉
မိုင်းဆတ်ခရိုင်၊ အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ဩဂုတ်လ(၉ ရက်နေ့ မွန်းလွဲပိုင်း(၂)နာရီတွင် မိုင်းဆတ်ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ (ကော်မတီဥက္ကဋ္ဌ) ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ စာပေယဉ်ကျေးမှုအသင်းများမှတာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ရှင်းလင်းဆွေးနွေးရာတွင် မိုင်းဆတ်ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေးအတွက် အဓိကရည် ရွယ်ချက် မှာ ကျောင်းစာ ကြည့်တိုက် များဖွံ့ဖြိုး တိုးတက် ရေး၊ ကျောင်းသား /သူများ စာဖတ် အလေ့အထ တွင် ပျော် မွေ့စေရေး ၊ စာကြည့်တိုက် ယဉ်ကျေးမှု များထွန်းကားလာစေရေးတို့ကို ရည်ရွယ်၍ ပွဲတော် ကျင်းပနိုင်ရေးကိုအလေး ထား ဆောင်ရွက်စေလိုပါကြောင်း၊ ကော်မတီဆပ်တော် မတီများ ဖွဲ့စည်း ထားရှိပြီး ပွဲတော် ကျင်းပနိုင် အောင် ပူးပေါင်းကူ ညီဆောင်ရွက်ရန်နှင့်ပွဲတော်ကို ဩဂုတ်လ(၁၃) ရက်နေ့တွင် အထက (မိုင်းဆတ်) တွင် ကျင်းပသွားမည်ဖြစ်၍ ပြိုင်ပွဲပေါင်း(၂၂)ပွဲ၊ ဌာနဆိုင်ရာများမှ ပြခန်းများ ပြသဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဆောင်ရွက်မည့် ပြခန်းများ အားပြန် လည်တင်ပြရန်ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများမှလဲ ဆွေးနွေးခဲ့ကြပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့