ပင်လောင်း ဩဂုတ် ၁၀
လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတများတိုးပွားစေရေးနှင့် ဗလငါးတန်ပြည်စုံစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး လူငယ်ဆိုင်ရာအသိပညာပေးကို ရှမ်းပြည်နယ်တောင်းပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ပင်မွန်းကျောင်းတွင် ယမန်နေ့ မွန်းလွှဲပိုင်းက ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်၏ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစော က လူငယ်နှင့် စာဖတ်ခြင်း၊လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာကလူမှုရေးဆိုင်ကူညီထောက်ပံ့မှုနှင့်ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သူဇာမိုး က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မူစန်းစန်းအေး က လူငယ်နှင့် အားကစားဆိုင်ရာခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံ နှင့် စာအုပ်ပြပွဲ ခင်းကျင်းပြသမှုကို ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှုမှတ်သားကြပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အလက(ပင်မွန်း) ကျောင်း အတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းကော်မတီဥက္ကဌ က လက်ခံရယူခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့