တောင်ကြီး သြဂုတ် – ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် အကြမ်းဖက်သောင်းကျန်းသူ MNDAA၊ TNLA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ ပစ်ခတ်မှုကြောင့် မြို့တွင်းရှိလူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများပေါ်သို့ ကျရောက်ပေါ်ကွဲမှုဖြစ်ပွားခဲ့၍ ဒေသခံပြည်သူများ၊ သံဃာတော်များ လက်နက်ကြီး၊ ယမ်းစထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိရာ သြဂုတ်(၂)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး စကားပြောကြား၍ အထည်နှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စဝ်စံထွန်း ဆေးရုံအတွက် ထောက်ပံ့ငွေများပေးအပ်ရာ စဝ်စံထွန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးမှ လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူ များသည် တောင်ကြီးမြို့၊ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံအတွက် ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေများပေးအပ်ရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ဆေးကုသမှုခံယူနေကြသော စည်းရုံးရေးဆင်းစစ်သည်ရဲဘော်များ၊ ဒေသခံပြည်သူများကို ကြည့်ရှုအားပေး စကားပြောကြားပြီး အထည်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး