တောင်ကြီး ဇူလိူင်-၂၉
ရှမ်းပြည်နယ်အတွင်းစိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက်လိုအပ်သော မတည်ရင်းနှီးငွေများကိုပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပံ့ပိုးမှုတစ်ရပ်ဖြစ်သည့်နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ငွေများထုတ်ချေးပေးနေမှုအပေါ်ဆောင်ရွက်ထားရှိမှု၊ဆောင်ရွက်ဆဲကိစ္စရပ်များနှင့်ဆက်လက်ပြီအောင်မြင်အောင်မည်ကဲ့သို့ဆောင်ရွက်ရန်နှင့်ဒေသဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လိုသည့်အတွက်အေဂျင်စီအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ဇူလိုင်(၂၉)ရက်နံနက်(၁၀)နာရီကတောင်ကြီးမြို့၊ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ရှမ်းပြည်နယ်အတွင်း MSMEs အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် နိုင်ငံ့ စီးပွား မြှင့်တင် ရေးရန်ပုံငွေဆိုင်ရာဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဥ်း၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကMSMEs လုပ်ငန်းများလုပ်ကိုင်လိုသည့်လုပ်ငန်းရှင်များအတွက်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေMSMEsလုပ်ငန်းအတွက်ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှတင်ပြစရာများရှိပါကတင်ပြပေးကြရန်နှင့်သက်ဆိုင်ရာဌာနများကလည်းMSMEsလုပ်ငန်းနှင့်ပတ်သက်၍ပွင့်ပွင့်လင်းလင်းတင်ပြကြရန်ပြောကြားသည်။
ဆက်လက်၍ရမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် က ရှမ်းပြည်နယ်အတွင်း MSMEsအကောင်အထည်ဆောင်ရွက်မှုနှင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဆိုင်ရာဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင်ပြပြီးပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး၊ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးတို့ကရှင်းလင်းတင်ပြကြသည်။
ထို့နောက်တက်ရောက်လာသူများမှအထွေထွေဆွေးနွေးတင်ပြကြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့