မိုင်းဆတ် ဇူလိုင်-၂၀
(၁၃၈၆)ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) မိုင်းဆတ်မြို့ ဝိန်းနေရပ်ကွက် ဗုဒ္ဓကောလိပ်ခူးဝါး ဝုန်းစုမ်ဉာဏသံဝရောကျောင်းတွင် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိုင်းဆတ်ခရိုင်/ မြို့နယ်လမ်းဦးစီးဌာနတို့မှ စုပေါင်းဝါဆိုသင်္ကန်း လှူဒါန်းပွဲကို ဇူလိုင်လ(၂၀)ရက် နံနက်(၆)နာရီခွဲတွင် အခမ်းအနားကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ဝန်ထမ်းများ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်လမ်းဦးစီးဌာနမှဝန်ထမ်းများ၊ခရိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့/မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဖတ် ဖွင့်လှစ်ပြီး ‘ဗုဒ္ဓကောလိပ်ခူးဝါး စုန်းစုမ်ဉာဏသံဝရောကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါး သီလခံယူခြင်း၊ ဆရာတော်သံဃာတော် များထံမှ ပရိတ်တရား တော်များနာယူခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာသည့်ဌာနဆိုင်ရာများမှဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်များဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားအားဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးမြောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့