မိုင်းဆတ် ဇူလိုင်-၉
မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမတွင်ဇူလိုင်လ( ၉) ရက် နံနက်(၁၀)နာရီတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်နှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ၁၃၈၆ ခုနှစ် ဝါတွင်းကာလတွင် မိုင်းဆတ်ခရိုင်အတွင်းရှိ့ ကျောင်းတိုက် အသီးသီးတွင် သတင်းသုံးဝါကပ်တော်မူသောသံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်းနှင့် ဌာနဆိုင်ရာများအလိုက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမည့်ကျောင်း အသီးသီးတို့အား ခွဲဝေသတ်မှတ်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့