တောင်ကြီး ဇူလိုင်-၂၁
ဆေးတက္ကသိုလ် – တောင်ကြီး ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဇူလိုင်(၂၀)ရက်ညနေ့(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ဆေးတက္ကသိုလ် – တောင်ကြီး Final Part – 1FCနှင့် Final Part – 2FC အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆေးတက္ကသိုလ် – တောင်ကြီး ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြရာ Final Part-2 FCအသင်းက အနိုင်ရရှိကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းရာ`Cheer Leadeading နှစ်သိမ့်ဆု ရရှိသောအသင်း၊“Cheer
Leadeading Award ´´3rd runner up၊ 2nd runner up ၊ 1st runner up ၊ The Best Cheerling Team ဆုရရှိသောအသင်းများအား ဆေးတက္ကသိုလ် – တောင်ကြီး တာဝန်ရှိသူများက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဆုရရှိသူများအား ဆေးတက္ကသိုလ် – တောင်ကြီး ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော အသင်းများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်သယံဇတရေးဝန်ကြီးတို့က ငွေသားဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ဒုတိယဆုရှိသော Final Part-1 FCအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ ပထမဆုရရှိသော Final Part – 2FCအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ချန်ပီယံဆုဖလားနှင့် ငွေသားဆုတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဆုများအသီးသီး ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့