တောင်ကြီး ဇူလိုင်-၁၆
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ၂၀၂၄ခုနှစ်၊ အမျိုးသားအားကစားပွဲတော်၊ ပညာရေးဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်း(အမျိုးသား)အသင်း၊ လက်ရွေးစင်းအားကစားသမားများ ရွေးချယ်ရာတွင် ပါဝင်ယှဥ်ပြိုင်မည့် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇူလိုင်(၁၅)ရက်ညနေ(၃)ရီက တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးရှိ အားကစားပညာရှင်များနှင့် ပိုက်ကျော်ခြင်း(၄-ယောက်တွဲ) ချစ်ကြည်ရေးကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၄ခုနှစ် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်း(အမျိုးသား)အသင်းအား ဆရာအတတ်ပညာဦးစီးဌာနက တာဝန်ယူ၍ အဆင့်အတန်းမီစွာ ပါဝင်ယှဥ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားရန်ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးက ညွှန်ကြားလာသည့်အတွက် ဆရာအတတ်ပညာဦးစီးဌာနက လက်ရွေးစင်ကစားသမားများ ရွေးချယ်ရမှာဖြစ်ကြောင်း၊ နိုင်ငံအတွက်လိုအပ်သော ပညာအခြေပြုလူ့စွမ်းအားအရင်းအမြစ်များစွာကို မွေးထုတ်ပေးနိုင်ရန် အဓိကအခန်းကဏ္ဍမှ တာဝန်ယူရမည့် ဆရာ၊ ဆရာမများမှာ ဆရာအတတ်ပညာအရည်အသွေး ပြည့်ဝကျွမ်းကျင်မှုတင်မက ကျန်းမာကြံ့ခိုင်၍ စိတ်ဓာတ်နှင့် စာရိတ္တကောင်းမွန်ပြီး အားကစားအပါအဝင် ဘက်စုံထူးချွန်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အောင်နိုင်ရေးအလံပေးအပ်ရာအသင်း အုပ်ချုပ်သူနှင့် အားကစားသမားတစ်ဦးမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကူညီသင်ကြားပေးသော အားကစားနည်းပြများအား လက်ဆောင်နှင့် သွားရောက်ယှဥ်ပြိုင်မည့် အားကစားသမားများအတွက် ထောက်ပံ့ငွေပေးအပ်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးတို့မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါဝင်ယှဥ်ပြိုင်မည့် အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့