မိုင်းဆတ် ဇူလိုင်-၁
ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ၊ ဇူလိုင်(၁)ရက်နေ့ နံနက် (၈) နာရီခွဲက မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မိုင်းဆတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မိုင်းခုတ်မြို့ရှိ စာရေးဝန်ထမ်းများ ရုံးလုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား (၁/၂၀၂၄) သင်တန်းအား ဇူလိုင်(၁)ရက်မှ ဇူလိုင်(၂၆)ရက်အထိ ရက်သတ္တပတ် (၄)ပတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သင်တန်းဖွင့်ပွဲအား ခရိုင်အတွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ခရိုင်အုပ် ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့များ၊ ဌာန မှသင်တန်းသားသူများ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအား ဒုတိယခရိုင် အုပ်ချုပ်ရေးမူးမှ အဖွင့်အမှာစကား ပြောကြားခြင်၊မြို့နယ် အုပ်ချုပ်ရေးမူးမှ စာရေးဝန်းများ မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ပထမပိုင်း သင်တန်းဖွင့်ပွဲအခမ်းအနားပြီးမြောက်၍ နံနက်(၉) နာရီတွင် ဒုတိယပိုင်းသင်တန်းအား ဆက်လက် ပို့ချပြီး ဌာန၏ရုံးအသီးသီးမှ သင်တန်းသား(၃၈) ဦး၊ သင်တန်းသူ(၁၂)ဦး စုစုပေါင်း(၅၀) ဦး တက်ရောက်ကြပါကြောင်း တင်ပြအပ်ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့