ညောင်ရွှေ ဇွန်-၂၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE(2024) ကလပ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကိုဇွန်(၂၈)ရက်ညနေ့(၃)နာရီခွဲက ညောင်ရွှေ မြို့နယ် ဟဲယာရွာမကျေးရွာ ဘော်လီဘောအားကစားရုံရုံ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယခုလိုကလပ်ပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်း ဘော်လီဘောအား ကစားနည်းကို ယခုထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စားလာစေရန်၊ ထူးချွန်ထက်မြက်သည့် လူငယ်ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ အဖွဲ့လိုက်ကစားရသည့် အားကစားနည်းဖြစ်သောကြောင့် အချင်းချင်းစည်းလုံးသီညွတ်မှု ပိုမိုရရှိလာစေရန် ရည်ရွယ်ချက် များဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၄ခုနှ၀်၊Shan State Volleyball League တွင် ပါဝင်ယှဥ်ပြိုင်ကြသည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲကာလအတွင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ ယှဥ်ပြိုင်ပြီးမိမိတို့၏ အားကစားအရည်အချင်းများကို အကောင်းဆုံးထုတ်ဖော် ပြသ ယှဥ်ပြိုင်ကစားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်ဘော်လီဘောအားကစားသမားများမှ သစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ များအား လိုက်လံနုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ညောင်ရွှေမြို့ အ.ထ.က(၃) ဘင်ခရာတပ်ဖွဲ့နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့အား ထောက်ပံ့ငွေပေးအပ်ပြီး ပြိုင်ပွဲပထမပွဲစဥ် အဖြစ် ရွာမ+ကေလာအသင်းနှင့် သာလေး+ငါးဖယ်ချောင်းအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားက စားဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်း သိရသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲသို့ အင်းလေးဒေသမှ ပြိုင်ပွဲဝင်(၁၂)သင်း ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ယှဥ်ပြိုင်ကျင်းပသွားမည့်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့