တောင်ကြီး ဇွန်-၂၇
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ဇွန်(၂၇) ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ နည်းပ ညာများ ရရှိရေး၊ ကုန်သွယ်မှုတိုးပွားစေရေး၊ ငွေကြေးအရင်းအနှီးများ ရရှိရေးတို့အတွက် ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်ရန် ကော်မတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကော်မတီဝင်များ အားလုံးသည် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုစီးဝင်လာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူချောမွေ့စေရေးကို ပူးပေါင်းဆောင်ရွက်ပေးခြင်းအားဖြင့် ရှမ်းပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ဦးလေးနိုင်မှ Myanmar LT Development Co., Ltd.၏ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြ၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၇)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ(၁၆.၁၆၃)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၈)ခု ရင်းနှီးမြှုပ်မှုမာဏ အမေရိကန်ဒေါ်လာ(၇.၅၉၂)သန်းအပါအဝင် ကျပ်သန်း(၄၆၂၁၆.၃၀၁)ကို ခွင့်ပြု ပေးထားခဲ့ပြီး အဆိုပါလုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပြည်တွင်း(၁၄၈၄)ဦးနှင့် ပြည်ပ(၆၈)ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့