လားရှိုး ဇွန်-၂၂
ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(လားရှိုး)ရုံးအစည်းအဝေးခန်းမတွင် ဇွန်လ(၂၂)ရက်နေ့၊ နံနက်(၁၀)နာရီမှ နေ့လယ်(၁၂)အချိန်ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (လားရှိုး) လက်အောက်တွင်တာဝန်ထမ်းဆောင်လျက်ရှိသော လုပ်သက်(၅)နှစ်အထက် စီမံ-၁/ ဒုတိယဦးစီးမှူး၊ မြို့အုပ်ချုပ်ရေးမှူးများအားစီမံ(၂)ရာထူးတိုး ဌာနဆိုင်ရာဘာသာရပ်ရေးဖြေစာမေးပွဲ ကျင်းပခဲ့ရာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဉီးမြင့်သန်းဝင်းက စာမေးပွဲ ဖြေဆိုနေမှုအားကြည့်ရှုစစ်ဆေးခဲ့ပါကြောင်းနှင့် ဖြေဆိုသူစာရင်းရှိ(၁၁)ဦး၊ ဖြေဆို(၁၁)ဦးရှိပြီး ပျက်ကွက်မရှိပါကြောင်းတင်ပြအပ်ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့