မိုင်းဆတ် ဇွန်-၂၆
မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့းမယ်ဆွယ်မြောက်ရပ်ကွက်၊ ဘုရင်နောင် အားကစားကွင်း မိုးလုံလေလုံခန်းမတွင် ဇွန်လ(၂၆) ရက် နံနက် ၉ နာရီတွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ် မူ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရာ စကခ (၁၄) ယာယီနည်းဗျူဟာမူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်နှင့် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်အရာရှိများ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ( ခရိုင်မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ) ဦးညီညီထွေးနှင့် ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မူးယစ် တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ မြို့မိမြို့ဖများ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမူအဖွဲ့များ စုစုပေါင်း (၄၅၀ ) ဦး တက်ရောက်ခဲ့ပါသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မူးယစ်ဆေးဝါးအလွဲသုံးစားမူနှင့် တရားမဝင်ရောင်းဝယ်မူ တိုက်ဖျက်ရေးကော်မတီ ဥက္ကဋ္ဌ) ဦးညီညီထွေးမှ မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြန်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံမှ ပေးပို့သော သဝဏ်လွှာအား ခရိုင်မူးယစ်ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးမှ ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်ချက် မှတ်တမ်းတင် ဗီဒီယိုခွေပြသခြင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမူနှင့် တရားမဝင်ရောင်းဝယ်မူတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ/ကာတွန်း ပိုစတာ / ကွန်ပျူတာပန်းချီ) ပြိုင်ပွဲဆုရကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သော အရပ်သား လူပုဂ္ဂိုလ်များအား ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း တို့ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဆုရကျောင်းသား/သူများ တိုင်းရင်းသား ယာဉ်ကျေးမူအဖွဲ့များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြခန်းနှင့် ဆုရကျောင်းသား/သူများ၏ ပြိုင်ပွဲလက်ရာများကို လှည့်လည်ကြည့်ရှုပြီးကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့