လွိုင်လင် ဇွန်-၂၅
လွိုင်လင်မြို့အထွက်(နေမင်းရောင်တိုးဂိတ်အနီး)၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဇွန်လ(၂၅) ရက်၊ နံနက်၉ နာရီတွင် ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံစောလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး လွိုင်လင်တပ်နယ်မှူးဗိုလ်မှူးချုပ်သန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ အခြေခံပညာကျောင်းများမှ ဆရာ/မများနှင့် ကျောင်သား/သူ များ စုစုပေါင်းအင်အား (၆၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပျိုးပင်စုစုပေါင်း (၂၀၀၀)ပင်ခန့် စိုက်ပျိုးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့