မိုင်းဆတ် ဇွန်-၂၅
မိုင်းဆတ်မြို့ မယ်ဆွမ် မြောက်ရပ်ကွက် မိုင်းဆတ်အထကကျောင်းမြတ်ပညာခန်းမတွင် ဇွန်လ(၂၅) ရက် နေ့လည် (၁)နာရီချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာန တို့မှ ပူးပေါင်းပြီး လူ့ငယ်ရေးရာ စကားဝိုင်းအခမ်းအနားကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေး၊ နှင့်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိုင်းဆတ်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား/သူများ၊ (၁ဝ၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားဖွင့်လှစ်ပြီးနောက် ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးညီညီထွေးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြီး လူငယ် စကားဝိုင်းအား ကျင်းပခဲ့ပါသည်။
ထို့နောက် အထက ကျောင်းအုပ်ကြီးမှ ကျေးဇူးတင်စကားပြောကြားပြီးတက်ရောက်လာသည့် ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်နှင်းနံရံကပ် စာစောင်တို့အား လှည့်လည်ကြည့်ရှု့ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့