ပင်လောင်း ဇွန် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄) သင်တန်းတက်ရောက်မည့် သင်တန်းသားများအား ကြိုဆိုနှုတ်ဆက်ပွဲကို ဇွန်လ(၂၂)ရက် နံနက် ၁၁ နာရီအချိန်က အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးသင်တန်း‌ကျောင်း၌ ပြုလုပ် သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄) သင်တန်း တက်ရောက်‌မည့် ရန်ကုန်တိုင်းဒေသကြီးမှ သင်တန်းသား (၁၇၁)ဦးအား ကြိုဆိုနှုတ်ဆက်ပွဲကိုကြိုဆိုနှုတ်ဆက်ပွဲကို အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးတပ်သင်တန်းကျောင်းမှ ခေတ္တတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်နှင့် အရာရှိစစ်သည်များ၊ စံအောင်ကျော်နှင့် အရာရှိစစ်သည်များ၊ တပ်နယ်မှ မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့တို့က လှိုက်လှဲကြိုဆိုခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့