တောင်ကြီး ဇွန်-၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရန်၊ စိမ်းလန်းသော သစ်ပင်များနှင့် လေကောင်းလေသန့် ရှူရှိုက်နိုင်ရန်၊ တောင်ကြီးမြို့၊ အိမ်တော်ရှေ့နှင့် တောင်ကြီးဟိုတယ်ရှေ့တွင် ဇွန်(၂၂)ရက် နံနက်(၈)နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ချယ်ရီပင်(၅၀)၊ စိန်ပန်းပြာ(၅၀)ပင်၊ ထင်းရှုး((၅၀)ပင် စိုက်ပျိုးပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကျင်းပနိုင်ရန် ကြိုတင်ပြင်ဆောင်နေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပြည်နယ်ဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တောင်ကြီးမြို့ ကျောင်းကြီးစုမီးပွိုင့်လမ်းဆုံဘေးတွင် ပြည်သူများ စနစ်တကျ အမှိုက်ပစ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ထားသော အမှိုက်ပစ်ကန်များ ကြည့်ရှုစစ်ဆေးပြီး ချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် အမှိုက်သရိုက်များ သိမ်းဆည်းသန့်ရှင်း ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများကို မှာကြားခဲ့ပြီးအနောက် မြို့ပတ်လမ်းရှိ စိန်ပန်းရပ်ကွက်လမ်းဆုံတွင် ဆက်သွယ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက Wifiကြိုးများ စနစ်တကျရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး ပျံကျစျေးသည်များ ရောင်းချမှုများရှိသည့်အတွက် စျေးသိမ်းပါက ထွက်ရှိလာသော အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ပြည်နယ်ဝန်ကြီးချုပ်က မှာကြားခဲ့ပြီး ရှုခင်းသာပန်းခြံဘေးရှိ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းဖြောင့်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာကို သွားရောက်ကြည့်ရှုစစ်ဆေး၍ သက်ဆိုင်ရာဌာနများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့