ဟိုမိန်း ဇွန် ၂၀
ယနေ့လူငယ်လူရွယ်များ မူးယစ်ဆေးဝါးမသုံးစွဲမိအောင် လူညွှန့်တုံးစေမည့် မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ ဆိုးကျိုးများနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းကို သိခြင်းအားဖြင့် ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ ဟိုမိန်းမြို့ အ.မ.က(မူလွန်) ပန်သပြေ ကျောင်း၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဇွန်လ(၂၀)ရက် နံနက်၉နာရီက ပြုလုပ်ခဲ့သည်။
ဟောပြောရာတွင် အ.မ.က(မူလွန်)ပန်သပြေကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေမော်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ ၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း ၊ ယနေ့လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်း ၊ ကျောင်းသား/သူများအနေဖြင့် အားလပ် ချိန်တွင် အချိန်ကိုအကျိုးရှိစွာ စာပေဖတ်ရှု့ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ စသည်တို့ကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာဖတ်ရှု့ခဲ့ပြီး ရုံးချုပ်မှပေးပို့သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့