ပလန်(ခ)တိုင်းလွယ်
“တိုင်းလွယ်”၏ အဓိပ္ပါယ်မှာ “တောင်ပေါ်ရှမ်း” ဟူ၍ဖြစ်သည်။ ပလန်(ခ) တိုင်းလွယ်လူမျိုး သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနယ်တစ်ဝိုက်တွင် ပျံ့နှံ့နေထိုင်ကြသည်။ တိုင်းလွယ်လူမျိုး များသည် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပြီး ရိုးရာနတ်များကိုလည်း ကိုးကွယ်ကြသည်။ လယ်ယာ၊ တောင်ယာ၊ ခြံ၊ လက်ဖက်စသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး အမဲလိုက်ခြင်းနှင့် ပန်းပဲလုပ်ငန်းများလည်း လုပ်ကိုင်ကြပါသည်။