တောင်ကြီး ဇွန် – ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်း စာရင်းကောက်ယူခြင်းဆိုင်ရာအသိပညာပေး ပိုစတာများကပ်ခြင်းနှင့် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ဇွန်(၁၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့မ စျေး၊ အေးသာယာစျေး၊ အေးသာယာစက်မှုဇုန်လမ်းမကြီးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ခိုင် ဦးဆောင်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းဆိုင်ရာ အသိ ပညာပေးပိုစတာများကို အများပြည်သူသိရှိနိုင်စေရေးအတွက် တောင်ကြီးမြို့၏ အဓိကအချက်အချာကျသည့် နေရာများ တွင် ကပ်ခြင်း၊ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်များကို တောင်ကြီးမြို့၊ မြို့မစျေးနေရာများ၊ အေးသာယာစျေးနှင့် ရပ်ကွက်နေ ပြည်သူလူထုများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူ သည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းထည့်ကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းမည့် မေးခွန်းများ ပြည်သူ များက ပူးပေါင်းဆောင်ရွက်ပေးရမည့်အချက်များ၊မေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းအားဖြင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်မည့်အချက်များ၊ MobileTabletများ အသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ်များ စသည်တို့ပါဝင်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့