တောင်ကြီး ဇွန်-၁၃
၂၀၂၄ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင် မည့် ရှမ်းပြည်နယ်အမျိုးသား ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ဇွန်(၁၂)ရက် ညနေ(၅)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံး၌ကျင်းပသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ရှမ်းပြည်နယ်အမျိုးသားဘောလုံးအသင်းမှ တစ်ဦးချင်း မိတ်တက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရေးမှ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများအတိုင်း စည်းကမ်းတကျ၊ စနစ်တကျရှိစွာနှင့် မိမိအသင်း အောင်မြင်မှု ရရှိနိုင်စေရန် တရားသဖြင့် ယှဥ်ပြိုင်သွားကြရန်၊ အရှုံးအနိုင်သည်သာမည၊ ယှဥ်ပြိုင်ခြင်းသည်သာအဓိက ဆိုသည့် အားကစားစိတ်ဓာတ်ကို အမြဲထားရှိကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ အသင်းအုပ်ချုပ်သူ နည်းပြများမှ လက်ခံရယူပြီး အလှူရှင်များမှ ထောက်ပံ့ငွေများ ပေးအပ်ကြ၍ ဘောလုံးအသင်း ကိုယ်စားအသင်း အုပ်ချုပ်သူဦးစန်းယုဆွေမှ ပြိုင်ပွဲသို့ ဝင်ရောက် ယှဥ်ပြိုင်ရန်အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်မှုများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့