မိုင်းဆတ် ဇွန်-၁၁
ခရိုင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကြီးကြပ်မူမူကော်မတီ အစည်းအဝေးကို ဇွန်လ(၁၁) ရက်နေ့ မွန်းလွဲ(၂)နာရီတွင် မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲမူး၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ၊ ယာဉ်ထိမ်းရဲတပ်ဖွဲ့၊ ခရိုင်/မြို့နယ်လမ်းဦးစီးဌာန၊ ခရိုင်ဥပဒေ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မိမြို့ဖများ၊ lပုဂ္ဂလိကယာဉ်လုပ်ငန်းကြီးကြပ် မူ ကော်မတီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ခရိုင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း/ ကြီးကြပ်မူမူကော်မတီဥက္ကဌ ဦးညီညီထွေးမှ အဖွင့်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးပူးပေါင်းဆောင်ရွက်ရန် မြို့တွင်းရှိ မိန်းလမ်းမကြီးများတွင် ကားဂိတ်များတည်ရှိနေခြင်း၊ ကုန်တင်ကုန်ချပြုလုပ်ခြင်း၊ကားဂိတ် မရှိသောနေရာများတွင် ခရီးသည်တင်ချပြုခြင်းများ မပြုလုပ်ရန် လမ်းမကြီးပေါ်တွင် ကားဂိတ်များဖွင့်လှစ်ခွင့်မပြုကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မညီညွတ်၍ ယခု ဇွန်လကုန်မှာပြီး ဂိတ်များအားလုံးပုဂ္ဂလိကယာဉ်ဝန်းသို့ရွှေ့ပြောင်းရန် ပုဂ္ဂလိကယာဉ်လိုင်းကြီးကြပ်မူ ကော်မတီအသစ်ပြန်လည်ဖွဲ့စည်းရန် တင်ပြမူနှင့် ပတ်သက်၍ စည်းမျဉ်း၊စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်ရန်၊ပုဂ္ဂလိက ယာဉ်လိုင်းကြီးကြပ် မူ ကော်မတီအတွင်းရေးမူ့မှလည်းယာဉ်လိုင်း ပြေးဆွဲမှုများနှင့်ပတ်သက်သည့် ဥပဒေများအား ဆွေးနွေးတင်ပြခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့