နောင်တရား ဇွန် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ ၄၄ ရာခိုင်နှုန်းရှိကြောင်း ကျောင်းအုပ်ဆရာမကြီး ထံမှ သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့်
အ.ထ.က နောင်တရားကျောင်း စာစစ်ဌာန၌ ဇွန်လ(၁၁)ရက် နံနက်(၆)နာရီတွင်ထုတ်ပြန် ကြေညာခဲ့ရာ နောင်တရား စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စာရင်းရှိ (၂၆၀)ဦး၊ ဝင်ရောက်ဖြေဆိုသူ( ၂၅၆)ဦး၊ ဖြေဆိုအောင်မြင်သူ (၁၁၃)ဦး ရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၄၄ ရာခိုင်းနှုန်းရှိသည်။
အောင်မြင်သည့်ကျောင်းသူကျောင်းသားများ၏ ဂုဏ်ထူးရရှိမှု အခြေအနေမှာ (၃)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ စုစုပေါင်း(၁၀)ဖြစ်ပြီး ဂုဏ်ထူးထွက်ရှိသည့် ဘာသာရပ်များမှာ မြန်မာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ ဘာသာရပ်တို့ဖြစ်ကြောင်း နောင်တရားမြို့ အ.ထ.ကကျောင်းမှ သိရသည်။
ပင်လောင်းမြို့နယ်အတွင်း၌ ပင်လောင်း အ.ထ.က(၁)၊ အ.ထ.က (၂)၊ အ.ထ.က (နောင်တရား)၊ အ.ထ.က (တီကျစ်)၊ အ.ထ.က (ပင်ခွန်)၊ အ.ထ.က (တင်းထက်)၊ အ.ထ.က (တလိုင်းမရွာသစ်) စသည့် စာစစ်ဌာန(၇)ခုပြီး ကျောင်းတွင်းနှင့်ပြင်ပဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၀၁၇)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ(၉၉၆)ဦးအနက် အောင်မြင်သူ (၅၂၅)ဦး ရှိသောကြောင့် အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၂.၇၃ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့