လားရှိုး ဇွန်-၈
မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဦးသည် လားရှိုးမြို့၊ အမှတ်(၅)အောင်မင်္ဂလာရပ်ကွက်၊ လားရှိုးခရိုင်မီးသတ်ဦးစီးမှူးရုံးတွင်ကျင်းပ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးသုံးပစ္စည်း၊ လူအင်အားစုဆောင်းထားရှိမှု အခြေအနေတို့အား ပြသခြင်းအခမ်းအနားကို ဇွန်လ(၈)ရက်၊ မွန်းလွဲပိုင်း(၂)နာရီ၌
တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့