ကျိုင်းတုံ ဇွန်-၈
ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ မြို့ပတ်လမ်းတစ်လျှောက် မိုးရာသီရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပင်မရေထုတ်မြောင်းအား စက်ယန္တရားများဖြင့် ရေမြောင်းဆယ်ယူခြင်း ဆောင်ရွက်နေမှုအား ဇွန်လ(၈) ရက်၊ နံနက်( ၉ )နာရီမှ ( ၁၀ ) နာရီအထိ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု့ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့