ကျိုင်းတုံ ဇွန်-၈
ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနောက် ကန်ဖလမ်းတစ်လျှောက်တွင် အပတ်စဉ်စနေနေ့တိုင်း ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာစုပေါင်း သန့်ရှင်းရေးပွဲကို ဇွန်လ( ၈) ရက်၊ နံနက်(၇) နာရီခွဲမှ (၈)နာရီခွဲထိ တပ်ရင်း/ တပ်ဖွဲ့များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၄၀၀) ဦးခန့်ဖြင့် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်းအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ဥက္ကဋ္ဌသည် တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့