ကျိုင်းတုံ ဇွန်-၇
ဥက္ကဌ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဦးဆောင်ကျင်းပသော ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်(၇) ရက်၊ ညနေ(၄) နာရီတွင် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ကျိုင်းတုံ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦးသည် ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရှိ ဝန်ထမ်းများနှင့် မိုင်းလားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိဝန်ထမ်းများ စုစုပေါင်းအင်အား ( ၄၅ ) ဦး တက်ရောက်ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး မှ အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ဝန်ထမ်းများသို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့