မိုင်းဆတ် ဇွန်-၅
၂၀၂၄ ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ( ၅) ရက် နံနက်(၉)နာရီတွင် မိုင်းဆတ်မြို့ မယ်ဆွမ် မြောက်ရပ်ကွက် မိုင်းဆတ် အထကကျောင်း မြတ်ပညာခန်းမတွင် ကျင်းပရာ စကခ (၁၄) ယာယီနည်းဗျူဟာမူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်နှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ၊ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေးနှင့်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မိုင်းဆတ်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆုရကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ (၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားဖွင့်လှစ်ပြီးနောက် ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNEP) မှ အမှုဆောင် ညွှန်ကြားရေးမှူး၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် vedio Clip ပြသခြင်း၊
ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒု-ညွှန်မှူး ဦးမော်မော်ကို မှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော “သဲကန္တရတိုက်ဖျက်ရေးနှင်.မိုးခေါင် ရေးရှားဒဏ်ခံနိုင်ရေး မြေယာ ပြန်လည်ပြုပြင်ပေး” ဆောင်ပုဒ်အားရှင်းလင်းဆွေးနွေးခြင်း၊ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ vedio Clip အားပြသခြင်း၊ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲဆုရ ကျောင်းသား/သူများအား ဆုချီးမြှင့်ပြီးနောက် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့