တောင်ကြီး ဇွန်-၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ ပြည်နယ်၊ ဒုတိယပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်(၅)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ၂၀၂၄-၂၀၂၅ ခုနှစ်၊ စီမံကိန်းလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက ပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပြီးခဲ့သော ဘဏ္ဍာရန်ပုံငွေအစည်းအဝေးတွင် နိုင်ငံတော်အဆင့်အကြီးအကဲများက ညွှန်ကြားခဲ့၍ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်မှုအပေါ် ပေါင်းစပ်ဆောငိရွက်မှုများရှိသည်ကို ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပထမဦးစွာ စီမံကိန်းလုပ်ငန်းများစတင်ပြီဖြစ်၍ ညွှန်ကြားထားသည့်အတိုင်း တစ်လအတွင်း ပြီးပြတ်အောင် တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အလားတူ ယခင်နှစ်က အထွေထွေရန်ပုံငွေမှ ခွင့်ပြုထားသည့်လုပ်ငန်းများ ပြီးပြတ်ရမည့် ကာလသတ်မှတ်ချက်များရှိ၍ သတ်မှတ်သည့် ကာလအတွင်း စံချိန်စံညွန်း ပြည့်မီစွာ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ဘဏ္ဍာငွေများကို အကန့်အသတ် ခွင့်ပြုပေးထားပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူကိုတိုက်ရိုက်အကျိုးပြုသော်လည်း စီမံကိန်းလုပ်ငန်းများ ခွင့်ပြုသည့်အခါ ဘဏ္ဍာငွေကန့်သတ်ချက်များထဲမှ ခွင့်ပြုပေးသည့်အတွက် အကျိုးဖြစ်ထွန်းစေရန် စံချိန်စံညွန်း
ပြည့်မီရန်အတွက် ကြပ်မတ်ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊ အလားတူ သတ်မှတ်ထားသည့်အတိုင်း အခွန်တော်ငွေများ လျာထားချက်များအတိုင်း လအလိုက် ပြည့်ရေးအတွက် ဆောင်ရွက်ပေးရန်၊ ပညာရေးကဏ္ဍတွင်လည်း တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန်နှင့် ကျောင်းများ စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း၊ လစဥ်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ပညာရေးကိစ္စရပ်များတွင် ကျောင်းများတွင်ကလေးသူငယ်များ စာသင်ကြားသည့်အခါ ကျောင်းနေပျော်ရမည် ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာမြို့နယ်၊ခရိုင်အလိုက် စ၍ ကျောင်းများသန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်၍ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု၍ လိုအပ်ချက်များရှိပါက ပေါင်းစပ်ပြီး လုံခြုံရေးအရ ကန့်သတ်ချက်များရှိသည့်နေရာတွင် လုံခြုံရေးအရ ပေါင်းစပ်စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင် စာသင်ခန်းများလျော်ညီသော စနစ်ကျနမှုရှိရန်နှင့် စာသင်ခန်းများတွင် မလိုလားအပ်သော ပစ္စည်းများ စတိုခန်းအဖြစ်ထားရှိမှုများ တွေ့ရှိရ၍ ကြပ်မတ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများကလည်း ပညာရေးကဏ္ဍတွင် တာဝန်ရှိသည့် ပြည်နယ်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်များ အရှိန်အဟုန်ဖြင့်
ပြည်သူလူထုထံသို့ ထိုက်သင့်သည့် ပညာဗဟုသုတဖြန့်ဝေနိုင်ရန် စာကြည့်တိုက်လုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့်တွင် မဖြစ်မနေ စာကြည့်တိုက်များ ထားရှိရမည်ဖြစ်၍ သက်ဆိုင်ရာကျောင်းများက သေချာစိစစ်ပြီး လိုအပ်ချက်များရှိပါက ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍတွင်လည်း တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းပြီး လျာထားစိုက်ဧကပြည့်မီစွာ စိုက်ပျိုးပေးရန်၊ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ပေးကြရန်၊ လက်ရှိကာလတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောသယံဇတ အသုံးပြုမှုကို ဆောင်ရွက်ရသည့် ကာလဖြစ်၍ သက်ဆိုင်ရာမြို့နယ်၊ခရိုင်များက ဦးစီး၍ စိုက်ပျိုးရမည့်နေရာတွင် မိုးရာသီ အချိန်ကာလတွင် သစ်ပင်စိုက်ပျိုးပေးရန်လိုကြောင်း၊ ယနေ့အစည်းအဝေးပြုလုပ်ရခြင်းမှာ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနများမှ မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းအခက်အခဲများ
တင်ပြနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါကြောင်းနှင့် အစည်းအဝေးတက်ရောက်သူများ၊ အွန်လိုင်းမှ တက်ရောက်နေသူများမှ ဆွေးနွေးပေးကြရန်ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ လိုအပ်သည်များ ဆွေးနွေး၍ တက်ရောက်လာသည့် အွန်လိုင်းမှ ခရိုင်များက အထွေထွေ ဆွေးနွေးတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့