ပင်းတယ ဇွန် ၃
၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ဇွန်လ ၃ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက်မှစတင်၍ ကျောင်းသား/ကျောင်းသူများပျော်ရွှင်စွာဖြင့် ရာနှုန်းပြည့်တက်ရောက်သင်ကြား လျက်ရှိကြကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် အခြေခံပညာကျောင်း စုစုပေါင်း(၂၄၁)ကျောင်းဖွင့်လှစ်၍ ကျောင်းသား/ ကျောင်းသူများပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများက မေလ (၂၃)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ကြရာ ဇွန်လ ၂ ရက်နေ့အထိ ပင်းတယမြို့နယ်အတွင်းရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၉၇၃)ဦး လာရောက်အပ်နှံထားပြီး ရွာငံမြို့နယ်အတွင်းရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၆၃၃)ဦးလာရောက်အပ်နှံထားကြောင်းနှင့် ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် ကျောင်းအပ်နှံမှု (၁၀၀)ရာခိုင်နှုန်းရှိပြီး ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းတက်ရောက်မှုမှာလည်း (၁၀၀)ရာခိုင်နှုန်းရှိကြောင်းသိရှိရပြီး ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်အလိုက်သက်ဆိုင်ရာ ဆရာ/ဆရာမများက စတင်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့