ကျိုင်းတုံ မေ-၂၄
ကျိုင်းတုံမြို့၊ အမှတ်( ၄ )ရပ်ကွက်၊ ယဉ်ကျေးမှုပြတိုက်တွင် တိုင်းရင်းသားရိုးရာအနုပညာပြပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ( ၂၄) ရက်၊ နံနက်( ၁၀ ) နာရီတွင် ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားသို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနား တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသား ရိုးရာအနုပညာပြပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်အား ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြခြင်း၊ အာခါတိုင်းရင်းသားအကြီးအကဲ မှ ဓါတ်ပုံပညာရှင်နှစ်ဦးအကြောင်း မိတ်ဆက်တင်ပြခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခြင်း၊ တြိဂံ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးဇော်လွင်ဦး တို့အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်း၊ အခမ်းအနားဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ ပြပွဲအတွင်း လှည့်လည်ကြည့်ရှုခြင်း၊ အခမ်းအနားပြီးမြောက်ကြောင်းကြေညာခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းများတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့