မိုင်းဆတ် မေ-၁၆
မိုင်းဆတ်ခရိုင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၁၆) ရက် နေ့လည် (၁၁)နာရီတွင် မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခရိုင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီ အစည်းအဝေးပြုလုပ်ရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲမူး၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ၊ယာဉ်ထိမ်းရဲတပ်ဖွဲ့၊ ခရိုင်/မြို့နယ်လမ်းဦးစီးဌာန၊ ခရိုင်ဥပဒေ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ lပုဂ္ဂလိကယာဉ်လုပ်ငန်းကြီးကြပ်မှု ကော်မတီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ခရိုင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကြီးကြပ်မူမူကော်မတီဥက္ကဌ ဦးညီညီထွေးမှ အဖွင့်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးပူးပေါင်းဆောင်ရွက်ရန် မြို့တွင်း ရှိ မိန်းလမ်းမကြီးများတွင် ကားဂိတ်များတည်ရှိနေခြင်း၊ ကုန်တင်ကုန်ချပြုလုပ်ခြင်း၊ကားဂိတ် မရှိသောနေရာများတွင် ခရီးသည်တင်ချပြုခြင်းများ မပြုလုပ်ရန် ပုဂ္ဂလိကယာဉ်ဝန်းရှိထားပြီးဖြစ်သော်လည်း လမ်းများပေါ်တွင် ဂိတ်များ ဖွင့်လှစ်ခြင်း အမြန်ဆုံးပြောင်းရွှေ့ရန် without ကားများ ပြေးဆွဲမှုများတွေ့ရှိက စိစစ်ပြီး ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ရန် ဂိတ်အားလုံးရှိ့တရားဝင်ယာဉ်လိုင်းကားများ စာရင်း၊ ယာဉ်မောင်းများစာရင်းပြုလုပ်၍ပုဂ္ဂလိကယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ပြုစုပြီး ခရိုင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကြီးကြပ်မှုကော်မတီထံတင်ပြထားရန်၊ပုဂ္ဂလိကယာဉ်လိုင်းကြီးကြပ်မှုကော်မတီအသစ်ပြန်လည်ဖွဲ့စည်း ရန် တင်ပြမူနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ သဘောတူညီချက်ရရှိနိုင်ရေးပြန်လည်တင်ပြပြီးအတည်ပြုချက်ရရှိပါက ဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းဆောင်ရွက်ရန်၊မှာကြားပြီး ခရိုင်ရဲတပ်ဖွဲမှူးမှလည်း ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရမည့် ရဲတပ်ဖွဲ့၏လုပ်ငန်းများအား ရှင်းလင်းခြင်း၊ ပုဂ္ဂလိက ယာဉ်လိုင်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူးမှလည်းယာဉ်လိုင်း ပြေးဆွဲမှုများနှင့်ပတ်သက်သည့် ဥပဒေများအား ဆွေးနွေးတင်ပြခဲ့ပါကြောင်း ဂိတ်မှူးများ၏တင်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့