တောင်ကြီး မေ၂၃
၂၀၂၄ခုနှစ်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များ အလိုက်အသက်(၂၁)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကိုမေ(၂၃)ရက်ညနေ(၃)နာရီကတောင်ကြီးမြို့၊ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ဗိုလ်လုပွဲအဖြစ် တောင်ကြီးအသင်းနှင့်ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသင်းတို့ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ်ဥပဒေချုပ် ၊ပြည်နယ်/ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းကျောင်းမှ သူနာပြုဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရဗိုလ်စွဲသွားကြောင်းသိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာပူးတွဲ တတိယဆုရရှိသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယအသင်းနှင့် ကျိုင်းတုံခရိုင်အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆုများကိုပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်နယ်ဥပဒေချုပ်တို့ကဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ဒုတိယဆုရရှိသောပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းအားဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းရင်းသားရေးရာဝန်ကြီးကဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဂိုးအကောင်းဆုံးဆုနှင့် နောက်တန်း အကောင်းဆုံးဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်လမ်း ပန်း ဆက်သွယ်ရေး ဝန်ကြီးကချီးမြှင့်ပေး၍ လည်းကောင်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံး ဆုရရှိသူများအားဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လူမှုရေးရာ ဝန်ကြီးက ချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသောတောင်ကြီးခရိုင် အသင်းအားဆုတံဆိပ်များကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ချီးမြှင့်ပေး၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကငွေသားဆု နှင့်ဆုဖလားတို့ကို ချီးမြှင့်ပေးကြပြီးစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့